Saturday, November 19, 2011

ဂစ်တာ အိုလေး 
အရင်တုန်းက ဒီဂစ်တာလေးက 
နင်အဖေါ်မဲ့နေတဲ့ အချိန်မှာ
သာယာတဲ့ သံစဉ်ချိုချိုလေးတွေနဲ့
နင့်ကို အဖေါ်ပြုပေးခဲ့ပေမဲ့
ဂစ်တာကြိုးပျက်လို့ နင်မလိုအပ်တဲ့ အချိန်မှာတော့
ဂစ်တာအိုလေူကို ချောင်မှာ ထိုးထားလိုက်ပေါ့
ဒါပေမဲ့...
နင်အထီးကျန်ပြီး 
အလိုရှိလာတဲ့ အခါကျရင်တော့
ဒီဂစ်တာအိုလေးကို ကြိုးပြန်တပ်ပြီး
နင်ပြန်သုံးမယ်ဆိုရင်
ဂစ်တာအိုလေးက ဟောင်းနေပေမဲ့
ဟိုအရင်အတိုင်ပဲ
သာယာတဲ့ သံစဉ်ချိုချိုလေးတွေနဲ့
နင့်ကိုကြည်နူးစေမယ် ဆိုတာ
နင်ယုံနေလိုက်ပါ အချစ်ရယ်

မင်းလေးအလှ

မင်းလေးအလှ ရှုမဝ
ငါလေမင်းကို ကြည့်၍မဝ
မင်းရဲ့ အပြုံး ကြည့်မဆုံး
ရင်ဘတ်ထဲမှာ ရစ်နှောင်ထုံး
ကြည့်လေ လှလေ မင်းလေးဟာ
လူတိုင်းရင်မှာ popular

အချစ်ရဲ့ ကျေးကျွန်

ငါ့ရဲ့ ရူးသွပ်သွပ် အတွေးတွေနဲ့
မျှော်လင့်မိခဲ့ မင်းရဲ့ ခေါင်းပါးတဲ့ ကြင်နာမှု
အဆိပ်ဆူးတွေ ပြည့်နှက်နေတဲ့
မင်းရဲ့ နှလုံးသားကွန်ယက်ထဲမှာ
ငါ့ကိုချုပ်နှောင် အဆိပ်တက်စေခဲ့တယ်...
မိုက်ရူးရဲ ငါ့နှလုံးသားက
နင့်ရဲ့ ပေါ့ပျက်ပျက်အချစ်တစ်ချို့ကို
တောင်းတမိလွန်းလို့
အလွမ်းနွံတွေထဲမှာပဲ နစ်မြုတ်စေခဲ့တယ်
ငါဆိုတဲ့ ကောင်ကလဲ
နင့်ရဲ့ ကစားစရာ အရုပ်ဘ၀ကို
ရောက်နေမှန်းသိသိနဲ့
နောက်မဆုတ် ပဲ
ရှေ့ကိုပဲ ဆက်တိုးမိခဲ့တယ်...
အခုတော့....
လွမ်းဆွတ်မှုတွေများလွန်းတော့ နေသားကျနေပြီ
ဆုံးရှုံးမှုတွေများလွန်းတော့ ရိုးအီလာပြီ
စော်ကားခံရဖန် များလို့လဲ ထုံထိုင်းနေပါပြီ
မင်းပေးခဲ့ တဲ့ မျှော်လင့်ချက်တွေကလဲ
ပေါပျက်ပျက် မင်းရဲ့ အကျင့်ကြောင့်ဆိုတော့
မင်းကို နားလည်ပေးလို့ရခဲ့ပြီ ချစ်သူ...........

အပြစ်မဲ့ နှလုံးသား

လေပြေ တစ်ချက်အဝှေ့မှာ
လွင့်ပါသွားခဲ့တဲ့ ငါ့နှလုံးသား
ဆောက်တည်ရာမရ လေထုထဲမှာ
မျောလွင့်နေဆဲ လေပြေရယ်...
မေ့ရဲ့ လစ်လျှူရှု မှုကြောင့် 
သေဆုံးခဲ့တဲ့ မောင့် ရင်ခုန်သံ
အကြင်နာမဲ့ မေ့နှလုံးသားကို
မျှော်လင့်မိဆဲ မေရယ်....
ကံကြမ္မာရဲ့ ရက်စက်မှုလို့သာ
ဖြစ်သမျှအကြောင်းကို အကောင်းတွေး
အပြစ်မတင်ရက်တဲ့ မောင်က
မေ့ကို တမ်းတမိခဲ့တယ်...
အချစ်တွေများလွန်းနေတဲ့ မေ့အတွက်
သံသရ တွေကို အိပ်နဲ့ ထုတ်
အမှုက်ပုံးထဲ ပစ်ထည့်ပြီးတော့
မျှော်လင့်ချက်ကြီးစွာနဲ့ 
စောင့်နေပါရစေမေရယ်...

Friday, November 18, 2011

အချစ်ရဲ့ နိဂုံး

အလင်းတန်းလေးတွေ ကွယ်ပျောက်
အမှောင်ထု ကြီးစိုးနေတဲ့ မောင့်ဘဝ
မေတ္တာတရားတွေ ဖွေရှာမရခဲ့
ဆုံးရှုံးမှုတွေ ထွေးပိုက်ထားတဲ့ မောင်က
အချိန်နှင့် အမျှပြောင်းလဲတက်တဲ့ 
လူ့စိတ် သဘာဝကိုဆန့်ကျင်ခဲ့ရ
ငရဲဘုံ တစ်ခုလိုပူ သံရည်ပူလို ဆူလောင်နေတဲ့
မောင့် နှလုံးသားကို
ဟန်ဆောင် အပြုံးတွေနဲ့ နေသားကျ အောင် ကြိုးစားရင်း
ပျော်ရွှင်ကြည်နူး သာယာလှတဲ့ မေ့အပြုံး
စွဲမက်ရင်ခုန်ခဲ့တဲ့ မေ့ စကားသံလေးတွေနဲ့ 
မောင့်နှလုံးသားကို 
အလွမ်းနွံတွေထဲမှာ နစ်မြုတ်စေခဲ့
အခုတော့
မနက်ဖြန်တွေက အဓိပ္ပယ်မဲ့
မျှော်လင့်ချက်တွေက လေပြေအဝှေ့မှာ
လွင့်ပျာယ်ပျောက်ခဲ့
ခံစားချက်တွေက ကဗျာစာသားတွေ အဖြစ်
ပြောင်းလဲ ခဲ့တယ်မေရယ်....

Thursday, November 17, 2011

ဆွေးမြေ့အသည်း

နီးလွန်းလို့ ဝေးခဲ့ရတဲ့ 
တို့ရဲအဖြစ်
မျော်လင့်လွန်းလို့ ဆုံးရှုံးခဲ့တဲ့ 
ကိုယ့်ရဲ့ အချစ်
နောက်ဆုံးတော့
အလွမ်းတွေ ငွေ့ရည်ဖွဲ့
ဆွေးမြေ့မှုတွေက တိမ်ဆိုင်တွေဖြစ်
မျက်ရည်မိုးတွေရွာသွန်းခဲ့လေရဲ့ 
ကောင်မလေးရယ်...
ဘယ်မှာလဲ မေတ္တာတရားတွေ
စာနာနားလည်မှုတွေနဲ့
လွယ်လွယ်ပေးခဲ့ဖူးတဲ့ ဂတိတွေ
လေထဲမှာပဲ ပျောက်ပျယ်ခဲ့လေရဲ့
ကောင်မလေးရယ်...