Thursday, November 17, 2011

ဆွေးမြေ့အသည်း

နီးလွန်းလို့ ဝေးခဲ့ရတဲ့ 
တို့ရဲအဖြစ်
မျော်လင့်လွန်းလို့ ဆုံးရှုံးခဲ့တဲ့ 
ကိုယ့်ရဲ့ အချစ်
နောက်ဆုံးတော့
အလွမ်းတွေ ငွေ့ရည်ဖွဲ့
ဆွေးမြေ့မှုတွေက တိမ်ဆိုင်တွေဖြစ်
မျက်ရည်မိုးတွေရွာသွန်းခဲ့လေရဲ့ 
ကောင်မလေးရယ်...
ဘယ်မှာလဲ မေတ္တာတရားတွေ
စာနာနားလည်မှုတွေနဲ့
လွယ်လွယ်ပေးခဲ့ဖူးတဲ့ ဂတိတွေ
လေထဲမှာပဲ ပျောက်ပျယ်ခဲ့လေရဲ့
ကောင်မလေးရယ်...