Saturday, November 19, 2011

ဂစ်တာ အိုလေး 
အရင်တုန်းက ဒီဂစ်တာလေးက 
နင်အဖေါ်မဲ့နေတဲ့ အချိန်မှာ
သာယာတဲ့ သံစဉ်ချိုချိုလေးတွေနဲ့
နင့်ကို အဖေါ်ပြုပေးခဲ့ပေမဲ့
ဂစ်တာကြိုးပျက်လို့ နင်မလိုအပ်တဲ့ အချိန်မှာတော့
ဂစ်တာအိုလေူကို ချောင်မှာ ထိုးထားလိုက်ပေါ့
ဒါပေမဲ့...
နင်အထီးကျန်ပြီး 
အလိုရှိလာတဲ့ အခါကျရင်တော့
ဒီဂစ်တာအိုလေးကို ကြိုးပြန်တပ်ပြီး
နင်ပြန်သုံးမယ်ဆိုရင်
ဂစ်တာအိုလေးက ဟောင်းနေပေမဲ့
ဟိုအရင်အတိုင်ပဲ
သာယာတဲ့ သံစဉ်ချိုချိုလေးတွေနဲ့
နင့်ကိုကြည်နူးစေမယ် ဆိုတာ
နင်ယုံနေလိုက်ပါ အချစ်ရယ်