Saturday, November 19, 2011

အချစ်ရဲ့ ကျေးကျွန်

ငါ့ရဲ့ ရူးသွပ်သွပ် အတွေးတွေနဲ့
မျှော်လင့်မိခဲ့ မင်းရဲ့ ခေါင်းပါးတဲ့ ကြင်နာမှု
အဆိပ်ဆူးတွေ ပြည့်နှက်နေတဲ့
မင်းရဲ့ နှလုံးသားကွန်ယက်ထဲမှာ
ငါ့ကိုချုပ်နှောင် အဆိပ်တက်စေခဲ့တယ်...
မိုက်ရူးရဲ ငါ့နှလုံးသားက
နင့်ရဲ့ ပေါ့ပျက်ပျက်အချစ်တစ်ချို့ကို
တောင်းတမိလွန်းလို့
အလွမ်းနွံတွေထဲမှာပဲ နစ်မြုတ်စေခဲ့တယ်
ငါဆိုတဲ့ ကောင်ကလဲ
နင့်ရဲ့ ကစားစရာ အရုပ်ဘ၀ကို
ရောက်နေမှန်းသိသိနဲ့
နောက်မဆုတ် ပဲ
ရှေ့ကိုပဲ ဆက်တိုးမိခဲ့တယ်...
အခုတော့....
လွမ်းဆွတ်မှုတွေများလွန်းတော့ နေသားကျနေပြီ
ဆုံးရှုံးမှုတွေများလွန်းတော့ ရိုးအီလာပြီ
စော်ကားခံရဖန် များလို့လဲ ထုံထိုင်းနေပါပြီ
မင်းပေးခဲ့ တဲ့ မျှော်လင့်ချက်တွေကလဲ
ပေါပျက်ပျက် မင်းရဲ့ အကျင့်ကြောင့်ဆိုတော့
မင်းကို နားလည်ပေးလို့ရခဲ့ပြီ ချစ်သူ...........